၁၉၆၂ ခုနှစ်၊ အမေရိကန်နိုင်ငံရဲ့ လူမျိုးရေးခွဲခြားမှုအထွတ်အထိပ် ရောက်နေတဲ့ ကာလတွေဖြစ်ပါတယ်။ အသားအရောင်ကွဲပြားမှုနဲ့ ဥပဒေစည်းမျဉ်းတွေကြောင့် တောင်ပိုင်းဒေသတွေမှာ အာဖရိကန်-အမေရိကန်တွေအတွက် တည်းခိုဖို့နဲ့ စားသောက်ဖို့ နေရာအခက်အခဲတွေ ရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ၎င်းတို့အတွက် လုံခြုံစိတ်ချရတဲ့ လမ်းညွှန်စာအုပ်ဖြစ်တဲ့ The Negro Motorist Green Book ဆိုတာကို အဓိက အားထားခဲ့ကြရပါတယ်။
ဒီလိုအခြေအနေမျိုးမှာ နာမည်ကျော် လူမည်းစန္ဒရားပညာရှင် Dr. Don Shirley ဟာ အမေရိကန်တောင်ပိုင်းဒေသတွေဆီ ဂီတဖျော်ဖြေပွဲခရီးစဉ် သွားရောက်ဖို့ ဖြစ်လာပါတယ်။ သူ့ကို လိုက်ပါပို့ဆောင်ဖို့နဲ့ လုံခြုံရေးအတွက် အကြမ်းခံ၊ လူယုံတစ်ဦးဖြစ်တဲ့ နယူးယောက်မြို့က အရပ်မျက်နှာစုံ bouncer တစ်ဦးဖြစ်တဲ့ Tony Lip ကို ငှားရမ်းခဲ့ပါတယ်။
လူနေမှုဘဝ၊ ဓလေ့စရိုက်နဲ့ အတွေးအခေါ် လုံးဝမတူညီကြတဲ့ လူနှစ်ဦးဟာ ဒီခရီးရှည်မှာ အတူတူကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ၊ သူတို့ကြားမှာ ဘယ်လို မမျှော်လင့်ထားတဲ့ ခိုင်မာတဲ့ မိတ်ဆွေဖွဲ့မှုမျိုး တည်ဆောက်သွားကြမလဲဆိုတာကို ဟာသနှောပြီး ဇာတ်အိမ်ခိုင်မာစွာ ရိုက်ကူးပြသထားပါတယ်။
- Genre: Movies, Old Back Gold
- Release:
- Stars: Anthony Mangano, Billy Breed, Brian Distance, Brian Hayes Currie, Brian Stepanek, Christina Simpkins, Craig DiFrancia, Dane Rhodes, Daniel Greene, David An, David Kallaway, David Simpson, Dennis W. Hall, Derrick Spears, Dimiter D. Marinov, Don DiPetta, Don Stark, Floyd Miles, Frank Vallelonga, Gavin Foley, Geraldine Singer, Gertrud Sigle, Gralen Bryant Banks, Harrison Stone, Hudson Galloway, Iqbal Theba, James W. Evermore, Jenna Laurenzo, Jim Klock, Joe Cortese, Johnny Williams, Jon Michael Davis, Jon Sortland, Kenneth Israel, Kermit Burns III, Leslie Castay, Linda Cardellini, Lindsay Brice, Louis Venere, Mahershala Ali, Martin Bats Bradford, Mary Agnes Nixon, Mike Cerrone, Mike Hatton, Montrel Miller, Nick Vallelonga, Ninja N. Devoe, P.J. Byrne, Paul Sloan, Peter Gabb, Quinn Duffy, Randal Gonzalez, Ricky Muse, Rodolfo Vallelonga, Ron Flagge, Sam Malone, Sebastian Maniscalco, Seth Hurwitz, Shane Partlow, Sharon Landry, Suehyla El-Attar Young, Ted Huckabee, Tom Virtue, Viggo Mortensen, Von Lewis
- Duration: 2h 10m
- Director: Peter Farrelly
- Country: United Kingdom
- Quality: HD
Comment