Scrolling Text Example
MMSUB Website ကိုအားပေးကြတဲ့တစ်ယောက်စီတိုင်းကျေးဇူးအထူးတင်ပါတယ်

My Bias, My Boss (2026) (MMSUB)
HD IMDb: 5 Genre: Series

အားပေးရတာ အမိုက်စားဖြစ်တဲ့ တန်ဖိုးကြီး fangirl လေးတစ်ယောက် ဖက်ရှင်ကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီကုမ္ပဏီကို သူမရဲ့အသည်းစွဲ IDol ကိုယ်တိုင် Co-founder အဖြစ် တည်ထောင်ထားမှန်း သိလိုက်ရတဲ့အခါမှာတော့…။ ပရော်ဖက်ရှင်နယ်ဆန်ဆန်နဲ့ သူမရဲ့ပရိသတ်အဖြစ် ခံယူချက်တွေကို ဖုံးကွယ်ထားဖို ကြိုးစားပေမဲ့ အလုပ်ခွန်းထဲက အလုပ်ခေါက်ခေါက် CEO ကြောင့် အစစအရာရာ အလွဲလွဲအချော်ချော်တွေ ဖြစ်လာပါတော့တယ်။ တိတ်တဆိတ် သိုဝှက်ထားရတဲ့ မေတ္တာတရားတွေ၊ ဖုံးကွယ်ထားတဲ့ ကိုယ်ရေးကိုယ်တာ ရုန်းကန်မှုတွေကြားမှာ မိမိရဲ့ ရူးသွပ်အားပေးခဲ့ရတဲ့ ဘဝနဲ့ လုံးဝမထင်မှတ်ထားတဲ့ ဆက်ဆံရေးအသစ်တစ်ခုကြား သူမ ဘယ်လို ရွေးချယ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် Rom-Com ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။

A Bona Fide Killer (2026) (MMSUB)
HD IMDb: 10 Genre: Series

မိသားစုကို အနမ်းတွေနဲ့ ဂရုစိုက်ပေးနေတဲ့ ရိုးရှင်း သာမန်မိခင်တစ်ယောက်၊ တကယ်တမ်းမှာတော့ ဥပဒေလက်မမီတဲ့ ရာဇဝတ်ကောင်တွေကို တရားမျှတမှု ပြန်ပေးနေတဲ့ ဒဏ္ဍာရီလာ နာမည်ကျော် စနိုက်ပါ (Sniper) တစ်ဦးဖြစ်နေတဲ့အခါ… ၃ နှစ်တာ အနားယူနေရာကနေ ပြန်လည်ဝင်ရောက်လာပြီးနောက် သူမရဲ့ မိသားစုကို ကာကွယ်ဖိုနဲ့ အန္တရာယ်များတဲ့ ရာဇဝတ်ကောင်တွေကို ဖယ်ရှားရှင်းလင်းဖို ကြိုးစားရပါတော့တယ်။ တစ်ဖက်မှာလည်း သူမရဲ့ လျှိဝှက်ချက်ကို ဖော်ထုတ်ဖို ဇွဲနပဲကြီးတဲ့ သတင်းထောက်တစ်ယောက်နဲ့ စုံစမ်းထောက်လှမ်းရေး ရဲအရာရှိတစ်ဦးတိုကပါ တရစပ် နောက်ယောင်ခံ လိုက်လာတဲ့အခါမှာတော့… ဒီလို ရင်ခုန်စိတ်လှုပ်ရှားစရာ ဇာတ်လမ်းမျိုးကိုမှ ကြိုက်နှစ်သက်တယ်ဆိုရင်တော့ လက်မလွှတ်တမ်း စောင့်ကြည့်ရမယ့် A Bona Fide Killer ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။

Latest Episodes

View More