Scrolling Text Example
MMSUB Website ကိုအားပေးကြတဲ့တစ်ယောက်စီတိုင်းကျေးဇူးအထူးတင်ပါတယ်

Banner

9 (2009) (MMSUB)

· Updated On · Posted On
9 (2009) (MMSUB)
6.963/4006 votes
Trailer
Bookmark

လူသားတွေ ကုန်စင်သွားပြီးနောက် ပျက်သုဉ်းနေပြီဖြစ်တဲ့ ကမ္ဘာမြေသစ်တစ်ခုပေါ်မှာ “9” ဆိုတဲ့ အရုပ်လေးတစ်ရုပ် အသက်ဝင်လာပါတယ်။ သူကိုယ်တိုင်လည်း ဘာဆိုတာ မသိသေးတဲ့ အခြေအနေမှာ ကမ္ဘာကြီးကို လှည့်လည်သွားလာရင်း လူသားတွေကို ဖျက်ဆီးခဲ့တဲ့ ကြောက်စရာကောင်းတဲ့ စက်ရုပ်စက်ကောင်ကြီးတွေရဲ့ ဘေးကနေ ပုန်းအောင်းနေကြတဲ့ အတူတူပဲဖြစ်တဲ့ အခြားအရုပ်ငယ်လေးတွေရဲ့ အသိုင်းအဝိုင်းနဲ့ ဆုံတွေ့လာရပါတယ်။
အုပ်စုထဲမှာ အစိမ်းသက်သက်, အသစ်စက်စက် ဖြစ်နေပေမဲ့လည်း 9 က ဒီလိုမျိုး အမြဲတမ်း ပုန်းအောင်းနေရုံနဲ့ ဘာမှထူးလာမှာမဟုတ်ဘူးဆိုတာကို သဘောပေါက်လာပါတယ်။ သူတို့ရဲ့ မျိုးနွယ်စုရှင်သန်ဖို့အတွက် ကြောက်ရွံ့မှုကို ကျော်လွှားပြီး စက်ရုပ်ဆိုးကြီးတွေကို ပြန်လည်တိုက်ထုတ်ဖို့ အခြားသူတွေကိုပါ စည်းရုံးလှုံ့ဆော်ပါတော့တယ်။
လူသားတွေရဲ့ နောက်ဆုံးလက်ရာလေးတွေဖြစ်တဲ့ ဒီအရုပ်လေးတွေ ကမ္ဘာမြေကြီးကို ဘယ်လိုပြန်လည် ကယ်တင်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် Dark-Fantasy ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Comment

Leave a Reply

Your email address will not be published. Required fields are marked *