ဆောဂျွန်း (Seo-joon) ဟာ ဖုန်းဆက်ပြီး လိမ်လည်တဲ့ Voice Phishing ဂိုဏ်းရဲ့ လက်ချက်ကြောင့် သူပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုးလိုက်ရပါတယ်။ ဒီလိုအလိမ်ခံရသူတွေထဲမှာ သူ့ရဲ့ မိသားစုဝင်တွေလည်း ပါဝင်လာတဲ့အခါမှာတော့ သူသည် တရားဥပဒေကို စောင့်မနေတော့ဘဲ ကိုယ်တိုင် လက်စားချေဖို ဆုံးဖြတ်လိုက်ပါတယ်။
သူဟာ တရုတ်နိုင်ငံမှာ အခြေစိုက်ပြီး အလုပ်လုပ်နေတဲ့ ကြီးမားတဲ့ Phishing ဂိုဏ်းထဲကို ကိုယ့်ကိုယ်ကို အန္တရာယ်ခံပြီး ထိုးဖောက်ဝင်ရောက်သွားပါတယ်။ သူ့ရဲ့ ရည်မှန်းချက်ကတော့ ဒီ Phishing စနစ်တစ်ခုလုံးကို ဒီဇိုင်းဆွဲဖန်တီးထားသူ၊ လူမသိသူမသိနဲ့ လိမ်လည်မှုတွေကို စီမံခန့်ခွဲနေတဲ့ အဓိကတရားခံ ‘ကွပ်ပရို’ (Kwak Pro) ကို ရှာဖွေပြီး ဖျက်ဆီးပစ်ဖိုပါပဲ။
ဖုန်းတစ်ချက်ဆက်တိုင်း လူတွေရဲ့ ဘဝတွေ ပျက်စီးသွားရတဲ့ ဒီလိုလူဆိုးဂိုဏ်းကို ဆောဂျွန်းတစ်ယောက် ဘယ်လိုနည်းလမ်းတွေနဲ့ ပြန်လည်ရင်ဆိုင်မလဲ? ဒီဇာတ်လမ်းရဲ့ အဆုံးသတ်မှာ ဘယ်သူတွေက အနိုင်ရသွားမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
- Genre: Korean Movies, Movies
- Release:
- Stars: Byun Yo-han, Kim Mu-yeol, Park Myeong-hoon
- Duration: 1h 49m
- Director: Gok Kim, Sun Kim
- Country: South Korea
- Quality: HD
Comment