မှူးမတ်မျိုးနူး မိသားစုကနေ ဆင်းသက်လာခဲ့တဲ့ မြေးမလေး ရှန်ကျားလန် (Shen Jia Lan) ဟာ မိသားစုကို သစ္စာဖောက်မှုနဲ့ အတုအယောင်စွပ်စွဲခံရပြီးနောက် ဘဝတစ်ခုလုံး ပြိုလဲသွားခဲ့ရပါတယ်။
အဆိုးဆုံးကတော့ သူမရဲ့သစ္စာမရှိတဲ့သတိုသားလောင်း လင်ကျင်းချီ (Lin Jin Qi) ရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး သူ့ရဲ့အိမ်တော်မှာပဲ အစေခံတစ်ယောက်အနေနဲ့ ဝင်ရောက်အမှုထမ်းဖို ဖိအားပေးခံခဲ့ရပါတယ်။
ဒါပေမဲ့ သူမရဲ့ မာနနဲ့ ခိုင်မာတဲ့စိတ်ဓာတ်က ဘယ်တော့မှ အရှုးမပေးခဲ့ပါဘူး။ အခက်အခဲပေါင်းစုံကို ဇွဲလုံလ၊ ဉာဏ်ပညာတိုနဲ့ ကျော်ဖြတ်ပြီး လူတန်းစားနံရံတွေကို ကျော်လွှားကာ လင်ကျင်းချီရဲ့နှလုံးသားကို တစ်ဖန်ပြန်လည်သိမ်းပိုက်နိုင်ခဲ့ရုံသာမက မိသားစုရဲ့လေးစားမှုကိုပါ ရယူနိုင်ခဲ့ပါတယ်။
အဆုံးမှာတော့ သူမဟာ တစ်ခါက အစွပ်စွဲခံခဲ့ရတဲ့ သူမတိုမိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ အမည်နာမကို ဘယ်လိုပြန်လည်ဖြူစင်အောင် ဖော်ထုတ်သွားမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမယ့် ရှေးဟောင်းအချစ်ဇာတ်လမ်းကောင်း တစ်ပုဒ်ဖြစ်ပါတယ်။
- Genre: Drama, Family, Series, တရုတ်ဇာတ်လမ်းရှည်များ
- Status: Ongoing
- Release:
- Stars: Liu Xueyi, Tan Songyun
- Director: Huang Yingxiang
- Country: China
- Quality: HD
- Network: Tencent Video
Comment