၁၉၂၀ ပြည့်လွန်နှစ်များ၊ အီဂျစ်နိုင်ငံရဲ့ သဲကန္တာရထဲမှာ စွန့်စားရတာကို နှစ်သက်တဲ့ ပြင်သစ်နိုင်ငံခြားတပ်ဖွဲ့ဝင် (Legionnaire) တစ်ဦးဖြစ်တဲ့ Rick O’Connell ဟာ တိုက်ပွဲတစ်ခုကြားထဲကနေ လျှို့ဝှက်ဆန်းကြယ်ပြီး သဲထဲမှာ မြုပ်နေတဲ့ ရှေးဟောင်းမြို့တော် Hamunaptra ရဲ့ အပျက်အစီးတွေကို မတော်တဆ ရောက်ရှိ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနေရာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃,၀၀၀ ကျော်က တားမြစ်ထားတဲ့ မေတ္တာလမ်းစဉ်ကြောင့် သေဒုဏ်ထက်ဆိုးတဲ့ ပြစ်ဒဏ်ကို ခံခဲ့ရပြီး ကမ္ဘာပေါ်ကို ကြီးမားတဲ့ ဘေးဒုက္ခတွေ ယူဆောင်လာမယ့် သိန့်မာလှတဲ့ ကျိန်စာသင့် မဟာပုရောဟိတ်ကြီး Imhotep ရဲ့ ဂူသင်္ချိုင်းဖြစ်နေပါတော့တယ်။
တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကြောင့် အဲဒီကျိန်စာသင့် မာယာရှင် နိုးထလာတဲ့အခါ… ကမ္ဘာကြီးကို ကယ်တင်ဖို့အတွက် Rick O’Connell နဲ့ ရှေးဟောင်းသုတေသနပညာရှင်တို့ ဘယ်လိုတွေ ရင်ဆိုင်ကြမလဲဆိုတာ ရင်သပ်ရှုမောဖွယ် စွန့်စားခန်းတွေနဲ့ အတူ ကြည့်ရှုရမယ့် ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
- Genre: Movies, Old Back Gold
- Release:
- Stars: Abderrahim El Aadili, Aharon Ipalé, Arnold Vosloo, Bernard Fox, Brendan Fraser, Carl Chase, Corey Johnson, Erick Avari, Ian Warner, Isobel Brook, Jake Arnott, James Traherne Burton, John Hannah, Jonathan Hyde, Kevin J. O'Connor, Mason Ball, Mohammed Afifi, Oded Fehr, Omid Djalili, Patricia Velásquez, Peter Chequer, Porl Smith, Rachel Weisz, Stephen Dunham, Tuc Watkins
- Duration: 2h 4m
- Director: Stephen Sommers
- Country: United Kingdom
- Quality: HD
Comment