မြို့ပြရဲ့ ဆူညံသံတွေနဲ့ ဝေးကွာပြီး ကျေးလက်ဒေသကို ပြောင်းရွှေ့လာခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်…။ သူတို့ဟာ ဖျားနာနေတဲ့ မိခင်ဖြစ်သူနဲ့ နီးနီးကပ်ကပ်ရှိနေဖို့ ဒီနေရာလေးကို ရွေးချယ်ခဲ့တာပါ။ ဒီလိုနဲ့ သူတို့ရဲ့ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ ဘဝလေးထဲကို အံ့ဩစရာကောင်းတဲ့ သစ်တောစောင့်နတ် (Totoro) နဲ့ သူငယ်ချင်းတွေ ရောက်ရှိလာတဲ့အခါ…။
စူးစမ်းလိုစိတ်များတဲ့ ကလေးငယ်လေးတွေရဲ့ ကမ္ဘာထဲမှာ ဘယ်လိုမျိုး မှော်ဆန်တဲ့ အတွေ့အကြုံတွေ၊ ကြည်နူးစရာ အခိုက်အတန့်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Studio Ghibli ရဲ့ လက်ရာမြောက် Animation နဲ့အတူ ခံစားကြည့်ရှုလိုက်ပါ။
အသက်အရွယ်မရွေး ကြည့်ရှုနိုင်ပြီး စိတ်နှလုံးကို အေးချမ်းစေမယ့် နှစ်သက်စရာ အကောင်းဆုံး Classic ဇာတ်ကားကောင်းလေး ဖြစ်တာမို့ လက်မလွတ်တမ်း ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်။
- Genre: Animes
- Release:
- Stars: Akiko Hiramatsu, Chie Koujiro, Chika Sakamoto, Daiki Nakamura, Hitoshi Takagi, Ikue Otani, Machiko Washio, Masashi Hirose, Mitsuko Ishida, Naoki Tatsuta, Noriko Hidaka, Reiko Suzuki, Shigeru Chiba, Shigesato Itoi, Sumi Shimamoto, Tanie Kitabayashi, TARAKO, Tomohiro Nishimura, Toshiyuki Amagasa, Yuko Maruyama, Yuko Mizutani
- Duration: 1h 26m
- Director: Hayao Miyazaki
- Country: Japan
- Quality: HD
Comment